Wednesday, May 16, 2012

လူငယ်နဲ့ အိမ်ထောင်ရေးထဲမှာ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ ခိုင်မြဲနိုင်သလား ..
နှလုံးသားခံစားကြည့်မှ အသိတစ်ခုကို ရပါသလား..ခံစားမှု မရှိဘဲ သိတဲ့ အသိနဲ့ ခံစားမှုရှိတဲ့ အသိ...
ဘ၀မှာ ဘယ်ဟာက ပိုခိုင်မြဲပါသလဲ.. ရင်ထဲက နှလုံးသားကို လုံးဝမျက်ကွယ်ပြုသင့်ပါသလား ...

လူတိုင်းမှာ အချစ်စိတ်ရှိတယ်...
လူ ရယ်လို့ ဖြစ်လာရင် ချစ်စိတ်ဆိုတာရှိနေမှာပဲ... ငယ်စဉ် ကလေးဘ၀ကတော့ အဖေနဲ့ အမေပေါ့ ...
နည်းနည်း အရွယ် ရလာတော့ သူငယ်ချင်း ... ၅၂၈ အချစ်...  လူပျိုပေါက် အပျိုပေါက်ဖြစ်လာတော့  ချစ်သူ..
၁၅၀၀ အချစ် ...  အဲဒီ  ချစ်တဲ့စိတ်ဆိုတာကလည်း သင်တန်း တက်စရာ မလိုဘူး.. သင်ယူစရာ မလိုပြန်ဘူးလေ.. 
စောစောချစ်တာ နဲ့  နောက်ကျမှ ချစ်တာ  ဒါဘဲ ကွာပါလိမ့်မယ်..   ချစ်စိတ်ကတော့ ပေါ်မိ  မှာ  အသေအချာပဲ ..  
ဒီနေရာမှာ အချစ် မှာ မျက်စိ မရှိဘူး ဆိုကြတယ်..  မှန်ပါတယ်....ဒါပေမယ့် ဦးနှောက်ကတော့ မျက်စိရှိရပါမယ်...
ငယ်ငယ်ရွယ်ရွယ် နဲ့ ပညာသင်ရမယ့်အချိန်မှာ အချစ်စိတ်ကို အလိုမလိုက်မိဘို့.. မသာယာမိဘို့ လိုပါလိမ့်မယ်...

စန်းပွင့်လာပြီဆိုရင် သတိထား..
ဘာဖြစ်လို့လဲဆိုတော့  အချစ်စိတ်ဆိုတာ.. သွားလည်း ဒီစိတ်.. စားလည်း ဒီစိတ်..  အိပ်လည်း ဒီစိတ်.. စားမ၀င် ..
အိပ်မပျော် .. ဘာညာ ဘာညာ နဲ့ .. ခံစားချက် ပြင်းပြတတ်လို့ပါ..  ဒီကနေ့ လူငယ်တွေ  သတိထားစေချင်လို့ပါ..
ရုပ်ချောပါတယ်ဆိုတဲ့ ကောင်မလေးတွေ .. အပြောအဆိုမှာ တီတီတာတာ နဲ့ ချွဲချွဲနွဲ့နွဲ့ ပြောတတ်တဲ့ ကောင်မလေး
တွေ.. ပေါ်ပြူလာ ဖြစ်လာပြီ.. ရေပန်းစားလာပြီ ... စန်းပွင့်လာပြီ ဆိုရင် သတိသာ ထားကြပေတော့ ..
နောက်ဆက်တွဲ ပြဿနာက ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်ကျသွားနိုင်လို့ပါ...

အလေးထားပြီး စဉ်းစား..
တကယ်ပါ..ဒီကနေ့ လူငယ်တွေ ဖြစ်နေကြတာက .. ဘယ်ကမှန်းမသိ.. ဘယ်သူမှန်း မသိ.. မြင်မြင်ချင်းပဲ ...
ချစ်မိ..ကြိုက်မိ.. ပြီးတော့ ညားပါလေရော.. ဘယ်သူမှန်း မသိဘူး .. ဘယ်ကမှန်း မသိဘူး .. သူ့ဗီဇက ဘာလဲ
မသိဘူး.. သူ့မျိုးရိုးလည်း မသိဘူး .. ပြီးတော့မှ သူ့ အဖေ နဲ့ မတည့် .. သူ့ အမေနဲ့ မတည့် .. ညီအစ်ကို မောင်
နှစ်မတွေ တစ်ထွေးကြီးနဲ့ ..  အဲဒီကျတော့မှ မျက်ရည်လေး စမ်းစမ်းနဲ့  ပေါင်းရ ခက် .. မပေါင်းရမှာ ခက် ..
ယက်ကန် ယက်ကန်နဲ့ .. အိမ်ထောင်သည်ဘ၀ ..မိသားစုဘ၀ကို ဖြတ်သန်းရပါလေရော ...
ဆိုလိုချင်တာက အိမ်ထောင်ပြုမယ်ဆိုရင် ပေါ့ပေါ့တန်တန် မစဉ်းစား မဆင်ချင်ပဲနဲ့  အချစ်စိတ်တစ်ခုတည်း နဲ့
အိမ်ထာင်ပြုမိမှာကို စိုးရွံ့မိတာပါ ..အလေးထားပြီး အသေအချာ စဉ်းစားစေချင်လို့ပါ....

ထမီဝယ်သလိုရွေး...
ဒီနေရာမှာ တစ်ချို့ ကောင်မလေးတွေ အိမ်ထောင်ပြုတာကို ထမီဝယ်သလို မရွေးဘူးလို့ ဆိုလိုက်ချင်တော့တာပါပဲ..
တကယ်တန်းဆို မိန်းကလေးတစ်ယောက်ရဲ့ ပညာက နည်းတဲ့ ပညာမဟုတ်ဘူး .. မိန်းကလေးတွေ ထမီဝယ်မယ်
ဆိုရင် တစ်ဈေးကုန်းလုံးကို ပတ်ကြည့်ပြီး  စိတ်တိုင်းကျပြီ..စိတ်ကြိုက်ဖြစ်ပြီ ဆိုမှ ၀ယ်တတ်ကြတာ သဘာဝပါ ....
ဒါတောင် .. ဆိုဈေးအသားကုန် ဆစ်ပြီး တန်တယ် ထင်မှ ၀ယ်တတ်ကြတာ ..  ကိုယ်ဝယ်မယ့်  ထမီစကို   သေချာ
ကိုင်ကြည့်လိုက် .. ပွတ်ကြည့်လိုက်.. အသားကောင်း မကောင်း စမ်းကြည့်လိုက် နဲ့  ဒါတင်မဟုတ်သေးဘူးနော် ...
အိမ်မှာ ကျန်ခဲ့တဲ့ အကျီ ဘယ်နှစ်ထည်နဲ့ ၀တ်လို့ ရမလဲ..   ဒီအဆင်မျိုး  အိမ်မှာ ရှိပြီးသားလား..   ဆင်တူရိုးမှား
အဆင်မျိုးဆိုရင် မလိုချင်ဘူး.     အိမ်မှာ မရှိတဲ့ အဆင်မျိုးမှ ..   ဒါမှ  ကွဲကွဲ  ပြားပြား  ၀တ်လို့ ရမှာလေ...
အသေးစိတ် ဒီလို တွက်ပြီးမှ ၀ယ်တတ်ကြတာပါ ..  ဒါကြောင့် .. အိမ်ထောင်ပြုမယ်လို့  စိတ်ပိုင်းဖြတ်ထားရင်
ထမီဝယ်သလို အသေအချာ ရွေးစေချင်တာပါပဲ..

အိမ်ထောင်ပြုမယ်ဆိုရင်...
အထူးသဖြင့်ကတော့ မိန်းကလေးတွေပါ .. သူဘယ်လို လူလဲ .. သူစိတ်ဓာတ် .. သူ့စရိုက်.. သူ့သဘောထား..
သူ့ဗီဇ .. အားလုံးကို ထည့်သွင်းစဉ်းစားရမှာနော်.. သူနဲ့က တစ်လမ်းလုံး ..တစ်ဘ၀လုံးကို သွားရမှာလေ....
မိန်းကလေးတွေတင် မဟုတ်ပါဘူး.. ယောက်ျားလေးတွေကကော .. အိမ်ထောင်ပြုတယ်ဆိုတာ ဘ၀မှာ အရေး
ကြီးဆုံး ကိစ္စတွေထဲက တစ်ခုကို လုပ်ရတာပါပဲ..ဘ၀ရဲ့ အရေးကြီးဆုံးကိစ္စကို လုပ်လိုက်ရတာ...
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကုန်းရုန်း ထမ်းပိုးပြီး ကျွေးရဦးမှာ..
ကိုယ့်မျိုးဆက် ကောင်းအောင် လုပ်ရဦးမှာလေ..

မျိုးဆက်ဆိုလို့ ဆရာကြီး ဦးအေးမောင် ရေးတဲ့ ဖိုမသဘာဝနှင့် ဗီဇပတ်ဝန်းကျင်ကို ဖတ်စေချင်တာပါပဲ...
အဲဒီထဲမှာ ဘာပြောထားသလဲဆိုရင် အိမ်ထောင်ကျပြီးရင် ဒီအတိုင်းနေမှာ မဟုတ်ဘူး သား သမီးတွေ ရဦးမှာပဲ.
သူ ဥပမာပေးထားတာက .. စိတ်ရောဂါ ဖြစ်တဲ့ မျိုးဆက်ရှိတဲ့လူ .. သူတို့မှာရှိတဲ့ ငုပ်ဗီဇ..
သူ့မှာ ဘာမှမဖြစ်ပေမယ့်.... နောက်မျိုးဆက် နှစ်ဆက်လောက်ကြာမှ ပြန်ပေါ်တတ်တာမျိုးပါ ..

တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ်နဲ့ ကိုယ်မိန်းမနဲ့တင် ပြီးပြတ်သွားတာ မဟုတ်ဘူး..
နောက်ထပ်မျိုးဆက်သစ်က လာဦးမှာလေ..  အဲဒီ မျိုးဆက်သစ်ကို တိုးတက်ရစ်ဖို့ မဟုတ်ပဲ မျိုးဆက်သစ်က
ဒုက္ခရောက်မှာ စိုးလို့... ဆရာဝန်များနဲ့တောင် ညှိနှိုင်းတိုင်ပင်သင့်တယ်လို့ အကြံပြုထားတယ်ဗျာ...
ဆိုလိုချင်တာက မျိုးဆက်ထိအောင် လှမ်းကြည့်စေချင်တာပါ ...

ဒီကနေ့ လူငယ်တွေအနေနဲ့ ပညာမစုံခင်ခင်မှာ ကြင်ရာ မရှာစေချင်ပါဘူး ..
ရှေ့ရေးကို ကြိုတင် ပြင်ဆင် အလေးအနက် စဉ်းစားပြီး မှ အိမ်ထောင်ပြုစေချင်တာပါပဲ..
အိမ်ထောင်ဘက်ရွေးတော့လဲ အချစ်ကနေ တဆင့်တက်ရမှာ ..
အိမ်ထောင်ဘက် ရွေးတော့မယ် ..ရွေးလိုက်ပြီ.ဆိုပြန်တော့လဲ ..
အချစ်က တခြား .. အိမ်ထောင်ဘက်က တခြား ...ဖြစ်တတ်တဲ့ သဘာဝ ....
ဒါနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးအောင်သင်းနဲ့ အမေး အဖြေလုပ်ထားတာလေး သိမှတ်စေချင်ပါတယ်...

မေးခွန်း- လူငယ်နဲ့ အိမ်ထောင်ရေးထဲမှာ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ ခိုင်မြဲနိုင်သလား ..
            နှလုံးသားခံစားကြည့်မှ အသိတစ်ခုကို ရပါသလား..ခံစားမှု မရှိဘဲ သိတဲ့ အသိနဲ့ ခံစားမှုရှိတဲ့ အသိ
            ဘ၀မှာ ဘယ်ဟာက ပိုခိုင်မြဲပါသလဲ.. ရင်ထဲက နှလုံးသားကို လုံးဝမျက်ကွယ်ပြုသင့်ပါသလား ...
အဖြေ...
           လူငယ်နဲ့ အိမ်ထောင်ရေးမှာ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ ခိုင်မြဲနိုင်ပါ့မလားတဲ့ ...
အဲဒီဥစ္စာ သိပ်ရှုပ်တဲ့ ပြဿနာ.. အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ မခိုင်နိုင်ဘူး၊ သိတယ်။ ဒါပေမယ့် မချစ်ဘဲနဲ့
ပြုပြီးတော့ နောက်တော့ ချစ်သွားတာတွေလည်း မရှိဘူးလား၊ ဒါတွေလည်း ရှိသေးသကိုး။  ပထမတုန်းကတော့
မချစ်ဘူးပေါ့၊  နောက်ကျတော့မှ ချစ်လို့ ပါးစပ်ထဲတောင်  ငုံထားချင်သေးတာ၊ ရှူရှူပေါက်ချမှာစိုးလို့  ဆိုတာမျိုး။
ဒါကြောင့်မို့ အချစ်မပါတဲ့ အိမ်ထောင်ရေးသည် မခိုင်မြဲနိုင်။ သို့သော် တကယ် အိမ်ထောင်ပြုပြီးပြီဆိုမှ အချစ်ပါတဲ့
အိမ်ထောင်ရေးတွေလည်း ဖြစ်လာတတ်ပါတယ်..
နောက်ပြီးတော့ တစ်ဘက်ကလည်း ချစ်အောင် လုပ်လို့ရှိရင်လည်း ချစ်လာတတ်ပါတယ်။
မချစ်ရင်တောင် သံယောဇဉ်ရှိလာတတ်ပါတယ်။ ဟုတ်လား..။
ကျွန်တော် မင်္ဂလာစကားပြောလို့ရှိရင် ထည့်ပြောလေ့ရှိတယ်။ လင်ယောက်ျားဖြစ်သူက အမြဲတမ်း လူပျိုလှည့်
နေရတယ်။ ကိုယ့် မယားဖြစ်သူက သူဒါမျိုးကြိုက်တယ်။ ဘယ်သူရေ ဘယ်ဝါရေ မင်းအတွက်တော့ ၀ယ်လာတယ်။
မင်း ဆီချက်လေး ကြိုက်တတ်တယ်။ ဘယ်နားကဆိုင်က မင်းကြိုက်တဲ့ဆိုင် မဟုတ်လား။
ဒီတော့ တစ်ဘက်က ကျေးဇူးတင်တယ်။ ဒါ လူပျိုလှည့်တုန်းကလို ပိုးပန်းပြီး လူပျိုလှည့်နေတာ။

မိန်းမလုပ်တဲ့လူကိုတော့ ကျွန်တော် အကြံဥာဏ်ပေးတယ်။
" လင်ယောက်ျားတို့၏ အသည်းနှလုံးသို့ သွားရာ လမ်းကြောင်းသည်ကား အစာအိမ်မှ တစ်ဆင့်တည်း"  လို့ ။ 
တစ်နေ့ တစ်နေ့မှာ  မလုပ်လို့ရှိရင် မဖြစ်တာက  ထမင်းစားတာ။  ထမင်းစားဖို့ အတွက်က စားကောင်းလို့ရှိရင်
သူ့မိန်းမက ဟင်းချက် လက်ရာကောင်းလို့ရှိရင် အပြင်မှာ ထမင်းမစားတော့ဘူး။ အိမ်က ထမင်းဟင်းစားလိုက်
ရမှ ကျေနပ်တယ်. အဲဒီကောင်ဟာ အပြင်ထွက်စားဖို့ မလွယ်တော့ဘူး။ ဒီတော့ ခိုင်သွားရော။
လင်ဖြစ်တဲ့သူဟာ အိမ်မှာ စားမကောင်းလို့ အပြင်ထွက်စားရတာများလာပြီဆိုရင် လင်ယောက်ျားရဲ့
ခြေတစ်ဘက်ဆုံးပြီ အောက်မေ့ပါ။   ဒါကြောင့်မို့  မိန်းမဖြစ်တဲ့သူကလည်း အစာအိမ်မှတဆင့် အသည်းနှလုံးကို
သွားတတ်ရင် ဟုတ်လား ထမင်းကနေတစ်ဆင့် ချစ်ချင်ချစ်လာတာ ...
ဟင်းချက်တာသည် အတတ်ပညာ..ဟင်းစပ်သည်က အနုပညာ .. ကောင်မလေးတွေ မှတ်ထား ..
ချဉ်ပေါင်ဟင်းရယ်..သံပရာသီးသုပ်ရယ် စသည်ဖြင့် လျှောက်လုပ်မနေနဲ့အုံး..
ဟင်းချက်တာရော ..ဟင်းစပ်တာရော နှစ်ခုကောင်းလုပ်ရမှာ..
ဖွယ်ဖွယ်ရာရာ  မြိုင်မြိုင်ဆိုင်ဆိုင် မလုပ်နိုင်ရင် ထည်ထည်ဝါ၀ါလုပ်ထား။ ဟင်းပြင်တာလေးကအစ ...
တကယ်လို့ ဖွယ်ဖွယ်ရာရာ မလုပ်နိုင်လို့ အခြေအနေဆိုးနေရင် ချိုချိုသာသာ လုပ် ...
" မောင် စားနော်..ဒီနေ့ မောင့်ကို အားနာလိုက်တာ .." . ဟိုကလည်း " ရပါတယ်ကွာ တစ်ခါတလေပဲ ..."
" ကဲ ကိုယ်အ၀ှာ ကြောင်အိမ်ထဲမှာ တော့်ဘာသာတော်ယူစားပေတော့၊
  ကျုပ်ကတော့ ခဏ အိမ်လယ်သွားလိုက်ဦးမယ် " ဆိုလို့ရှိရင်တော့  မဟုတ်သေးဘူး ...

နောက်တစ်ခုက ...
နှလုံးသားခံစားကြည့်မှ အသိတစ်ခုကို ရပါသလား..
ခံစားမှု မရှိဘဲ သိတဲ့ အသိနဲ့ ခံစားမှုရှိတဲ့ အသိ.... ဘ၀မှာ ဘယ်ဟာက ပိုခိုင်မြဲပါသလဲ..တဲ့...
ဦးနှောက်ကလည်းသိတယ်..ဒါကို လက်ခံတယ်..နှလုံးသားကလည်း လက်ခံတယ်.. အဲဒါ သိပ်ခက်တယ်..
တစ်နေ့ သေမယ်ဆိုတာ သိတယ်.. ဒါကို အားလုံးသိကြတယ်။
ခံစားပြီးသိတဲ့အခါကျတော့ သိဒ္ဓတ္ထမင်းသား သူသေကို တွေ့တဲ့အခါမှာကျတော့ သိတဲ့ အသိမျိုး၊
မိဘတို့မည်သည်မှာ သား သမီးတို့ကို ချစ်တယ်ဆိုတာ သိတယ်။ ကိုယ်လည်း မသိဘူးလား၊ သိတယ်။
ဒါကို ကိုယ်မရဘူးလား.. ဒါကို ကိုယ်လည်းရတယ်။ ဒါပေမယ့် အဇာတသတ် သူကိုယ်တိုင် သားယောက်ျားလေး
ရတဲ့အခါကျတော့ သိတဲ့ အသိနဲ့ တူသလား။ အဲတော့ ဦးနှောက်ကလည်းသိတယ်။ မှန်တယ်၊ ယုံတယ်၊ နှလုံးသား
ကလည်း လက်ခံတယ်ဆိုလို့ရှိရင် အဲဒီအသိ သိပ်ခိုင်တယ်။ အသက်စွန့်တယ်ဆိုတာ အဲဒီ အသိမျိုးပဲ။
သတ္တိလည်း ရှိမယ်ဆိုရင်ပေါ့ ။ အသက်စွန့်တယ်၊ သတ္တိလည်းပါသေးသကိုး။

ရင်ထဲက နှလုံးသားကို မျက်ကွယ်ပြုသင့်ပါသလား....
အမယ်လေး မျက်ကွယ်မပြုနဲ့.. မျက်ကွယ်ပြုလို့ကို မရတာ ။ ဟိုကောင်မလေးတစ်ယောက် လှလိုက်တာဟာ
ရင်ထဲက နှလုံးသားထဲကလာတာ မဟုတ်လို့ ဘာတုံး၊ ဟုတ်လား ။  ချစ်တယ်ဆိုတာ  ဦးနှောက်နဲ့  ဆိုင်တာ
မဟုတ်ဘူး ။  ဒါဖြင့် ချစ်တယ်ဆိုတာ မရှိဘူးလား၊  ဟုတ်တယ် ၊ အဏုမြူဆိုတာ အဟုတ်ရှိတယ်၊ တကယ်
ရှိတယ်ဆိုတာ မှန်သလို  သိပ္ပံနည်းအရလည်း မှန်သလို ချစ်တယ်ဆိုတာလည်း တကယ်ရှိတယ် ။ မုန်းတယ်
ဆိုတာလည်း တကယ်ရှိတယ်။ ဒါ ဘယ်နှယ့်လုပ်ပြီး မျက်ကွယ်ပြုရမှာလဲ။ ပုထုဇဉ်မှာ မျက်ကွယ်ပြုဖို့ မပြောနဲ့
သူ့ချည်း လာလာပေးလို့ ဒုက္ခရောက်နေရတယ်....။

ကြည်နူးချမ်းမြေ့ သာယာ ပျော်မွေ့ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခု ...
မျိုးဆက်တစ်ခု တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုလျှက် .....

လေးစားစွာဖြင့်...
စာကိုး-ဆရာဦးအောင်သင်း(အမွေ)
အမွေပေးသူနှင့် အမွေဆက်ခံသူကြားတွင် မည်သည့်အချက် အဓိကအကျဆုံး ဖြစ်သနည်း ....
ဆရာ ဦးအောင်သင်း ၏ အဖြေ .....
အမွေပေးသူ နှင့် အမွေဆက်ခံသူ...
ဘယ်အမွေတုံး ၊ မိဘ အမွေလား။    ခုပြောတဲ့  အမွေက ဆိုပါတော့ ။   ဒီမှာ ကျွန်တော်က အမွေ ဆိုတဲ့  ဥစ္စာက
အင်္လကာစကားလေး သုံးလိုက်တာ ။  သူက လည်း အင်္လကာပဲ ပြန်သုံးလိုက်တာလား မသိဘူးပေါ့။  အမွေဆိုလို့
အဖေသေလို့ရ .. အမေသေလို့ရထိုက်တဲ့ အမွေမျိုး။  အဲဒါမျိုး ပစ္စည်း ပစ္စယ ၊ အိုးအိမ် ၊ စတာမျိုးကို ပြောတော။
အခုအမွေ ပေးသူနဲ့ အမွေဆက်ခံသူဆိုတာ  အမွေဆက်ခံသူ နဲ့ အမွေပေးသူက  အနုပညာအမွေဆိုတာ  လောက
ဘ၀ အသိ၊ ဘ၀အမြင်ဆိုတဲ့ အမွေပဲ။ အခု ကျွန်တော်ပြောနေတဲ့ ဥစ္စာက အဲဒီအမွေကတော့ ပေးတယ်ဆိုပေမယ့်
မယူရင် မရဘူး။ မင်းယူမှ ရတယ်။ မယူရင် မရဘူး ။ ဒီမယ် " အမေ ဘယ်လောက်သိပ်သိပ် ငါအိပ်မှ ပျော်တယ် "
ဆိုတဲ့ စကားရှိတယ်။ ဒါကြောင့် ခင်ဗျားတို့လည်း ဒီထဲမှာ ရှိတယ်၊ လူတွေ အများကြီးရှိတယ်။ လူကြီးတွေ ထားပြီး
လူငယ်တွေ အတော်များများ ရှိတယ်။  ကြီးပွားချင်တယ်၊ တိုးတက်ချင်တယ်။

အခု ကျွန်တော်ပြောနေတာကို  လာနားထောင်နေတယ်။  နားထောင်နေတဲ့ အထဲမှာ  အဲဒီဥစ္စာတွေကို  မှတ်မှတ်
သားသား ယူသွားတတ်မှ ။  အဲဒီ  ဥစ္စာကို   ဒီလို လုပ်မယ်ဆိုတဲ့  စိတ်မျိုး ဘယ်လောက်  ပေါ်မယ်   ထင်သလဲ ။
အဲဒီစိတ်မျိုး  အကုန်လုံးဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ဘူး ။ ကျွန်တော်က အဲဒါဆို မိုက်ရာကျမှာပေါ့ ။
ကျွန်တော်  အ တာပေါ့ ။ ကျွန်တော် အဆင်ခြင်နည်းသလို ဖြစ်သွားမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုအားလုံး
လေးလေး  နက်နက်လောကကြီးမှာ ဖြစ်နေရင်  အကုန်လုံး  ကြီးပွားနေမှာပေါ့ ၊  မကြီးပွားတဲ့လူ မရှိဘူး ၊ ရှာနေရ
မှာပေါ့ ။   လောကကြီး တစ်ခုလုံးမှာ ကျွန်တော် ပြောမယ်၊  ဘာနဲ့ တူသလဲဆိုတော့ နံနွင်းမကင်းလို ပုံစံ ။
ဟိုဘက်ထိပ်ဆုံး  အပေါ်ဘက်မှာ အများကြီး ရှိလို့ မရဘူးနော် ။   ဟို အောက်ဆုံးမှာလည်း တစ်ယောက်တည်းပဲ ၊
ကြားထဲမှာသာများတာ ။   ဟို အောက်ဆုံးမှာလည်း တစ်ယောက်တည်းပဲ ရှိမယ် ၊    ဟို အောက်ဆုံးလူမှာလည်း
အဖော်မရှိဘူးနော်။   ထိပ်ဆုံးကလူလည်း အဖော် မရှိဘူးနော် ။ တစ်ယောက်တည်းပဲ ။ အထီးကျန် ။
ဗိုလ်ချုပ်အောင်ဆန်းပြောဘူးတယ်။   I feel  Lonely လို့ ။

ကျွန်တော် စကားပြောဖို့ လူမရှိဘူး ။  ပြောဖူးသားပဲ။  တစ်ယောက်တည်း အထီးကျန်။ အဲဒါပြောရင် စကားတွေ
ဘေးရောက်ကုန်မှာ စိုးလို့ပါ ။ အဲတော့ ကျွန်တော်ပြောတာ ကြီးပွားချင်တယ်၊ ဒီထဲမှာ ခင်ဗျားတို့ အမွေခံမယ့်သူ
ထဲမှာ ဘယ်သူရမလဲဆိုတာ ကျုပ် ပြောလို့ရတာ မဟုတ်ဘူး ။  ယူတဲ့လူသာရမှာ ။ အတန်းထဲမှာ စာသင်တယ် ။
ကျွန်တော် အဆုံးအမတွေ ပြောတာပဲ။ တချို့က ဒီလိုပြောမှ ရတာပဲ ။ အတန်းတွေကြီးလာလည်း ပြောရတာပဲ။
အဲဒီလို ပြောတဲ့အထဲမှာ စကားလုံး တစ်လုံး  တစ်လေ  စွဲမှတ်သွားတဲ့လူ   သိပ်များများ ရှိတာ မဟုတ်ဘူး ။
များများ  ရှိတယ်လို့  မထင်နဲ့နော်၊  မယူလို့ရှိရင် မရဘူး ၊ ယူမှ ရတယ်။

အဲဒီတော့ အမွေပေးသူသည် တကယ်ဆိုတော့   အမွေပေးသူကိုယ်တိုင်  ကျိုးကြောင်း  ဆင်ခြင်ဥာဏ် နဲ့
ပြည့်စုံတဲ့  ဗဟုသုတများတဲ့သူကပေးရင် ပိုရတာပေါ့ ။ ကျွန်တော့ထက်ပိုပြီး ပညာကြီးသူကပေးရင် ပိုရတာပေါ့။
ဆိုပါတော့..  ကျွန်တော်က တစ်ထောင်ပေးနိုင်တယ်၊   သူက သုံးထောင် အမွေပေးနိုင်တယ်။
ဒီတော့ ပစ္စည်း  ဥစ္စာ ဗဟုသုတ  များများရှိလေ ကောင်းလေပါ။    ပြီးတော့ အမွေခဲတဲ့သူဟာ
တကယ်ကို လိမ္မာစွာ  အမွေခံယူလေ  ကောင်းလေပါလို့ ကျွန်တော် ပြောချင်တယ်။

ဆရာ ဦးအောင်သင်း
မိုးမိုး(အင်းလျား)အမှတ်တရအဖွဲ့မှ ကျင်းပသည့် ဟောပြောပွဲမှ......
============================================================

ဆရာ ဦးအောင်သင်းခင်ဗျား ..
စိတ်ဓာတ်သစ် တိုးပွားအောင် စိတ်ဓာတ်ကြံ့ခိုင်အောင် ပြုလို့ ရမလား ..
စာဖတ်ခြင်း တစ်ခုတည်းနဲ့ ပြည့်စုံနိုင်ပါ့မလား... မည်သို့ လုပ်ဆောင်ရမည်ကို ဖြေကြားပေးပါခင်ဗျား ....

ဆရာ ဦးအောင်သင်း ၏ အဖြေ .....
စိတ်ဓာတ်ကြံ့ခိုင်တာဟာ စာဖတ်ခြင်းနဲ့ လုံလောက်တာ မဟုတ်ဘူး။ စာဖတ်တာက စာဖတ်နေတာနဲ့ စိတ်ဓာတ်ကြီး
ကြံ့ခိုင်လာတာ မဟုတ်ဘူး။ စာဖတ်တာက စိတ်ဓာတ်အသိမြင့်အောင်လုပ်တာ။ မင်းတို့ How to swin ရေကူးနည်း
စာအုပ်ဖတ်ပြီးတော့ ရေထဲ ၀ုန်းကနဲ့ ခုန်ချတော့ ဘာဖြစ်မလဲ၊ လက်ပဲပေါ်လာမှာပေါ့။ လက်ကလေးပဲ ပေါ်လာမှာ။
ကယ်တော်မူပါပေါ့ ၊ ဟုတ်လား။    ပြောချင်တာက ရေကူးနည်း စာအုပ်ကိုဖတ် ပြီးတော့မှ ရေကူးလေ့ကျင့်ရတယ်၊
ဟုတ်လား ။   အလေးမနည်းကို ဖတ်ပြီးတော့  မှ အလေးမ လေ့ကျင့်ရတာ။   စာအုပ်ဖတ်ရုံနဲ့   ကြွက်သားကြီးက
ကောင်းလာတာ မဟုတ်ဘူး ။ စာဖတ်တာနဲ့ ဗလတောင့်လို့ရှိရင် ငါလည်း အဲဒါတွေဖတ်တာနဲ့ ဗလကြီးကို အယ်နေ
မှာပဲ ။ စာဖတ်ပြီးတောလဲ လေ့ကျင့်ရသေးတာ။  ဒီမှာ ကရာတေး ကျင့်နည်းတွေ ဘာတွေ ရှိသားပဲ ။     ဒါပေမယ့်
အဲဒီ ကာရာတေး ကျင့်နည်းတွေ ဖတ်ရုံနဲ့  ကာရာတေး တတ်သွားတာ မဟုတ်ဘူး။ စာဖတ်တော့မှ ကိုယ့်စိတ်ကိုယ်
ဘယ်လို့ ပြန်ကျင့်ရမယ် ဆိုတာ သိလာမှာပေါ့ ။  ကြံ့ခိုင်လာမှာပေါ့ ၊ အဲဒီစာအုပ်တွေက ဒီကြံ့ခိုင်တဲ့ နည်းလမ်းတွေ
ပေးလိမ့်မယ်။ အဲဒီအတိုင်း လိုက်နာပြီး ကြိုးစားကြည့်ပါလို့ ပြောချင်တယ်။

ဆရာ ဦးအောင်သင်း
မိုးမိုး(အင်းလျား)အမှတ်တရအဖွဲ့မှ ကျင်းပသည့် ဟောပြောပွဲမှ......
လူတိုင်းအောင်မြင်မှုရချင်ကြတယ်။ ဆရာဝန်က အောင်မြင်တဲ့ ဆရာဝန် ဖြစ်ချင်တယ်။  ဆင်ခြေဖုံးက ဆေးခန်း
လေးထဲမှာ လူနာမျှော်ရင်း ၀တ္ထုစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ထိုင်ဖတ်နေရတဲ့   ဆရာဝန်မျိုး မဖြစ်ချင်ဘူး။
မုန့်ဟင်းခါးရောင်းတဲ့သူကလည်း ရပ်ကွက်တကာလှည့်ပြီး အထမ်းနဲ့ ရောင်းရတဲ့ အသည် မဖြစ်ချင်ဘူး။ မိုးလင်း
တာနဲ့ မော်တော်ကားတွေ တစ်သီကြီး တန်းစီလာစားကြတဲ့ ဆိုင်ကြီးနဲ့ ရောင်းတဲ့မုန့်ဟင်းခါးသည်ဖြစ်ချင်တယ်။

ချမ်းသာချင်တာ အပြစ်မဟုတ်..
ဒါ လူ့သဘာဝမို့ အပြစ်တင်စရာ မဟုတ်ဘူး။ အောင်မြင်မှု မလိုချင်ပါဘူးဆိုတာ အလကားပြောတာ။      ပုထုဇဉ်
မှန်သမျှ ကိုယ့်နေရာမှာတော့ အအောင်မြင်ဆုံးသူ ဖြစ်ချင်ကြတာချည်းပါပဲ။    ဒါ့ကြောင့် အောင်မြင်မှု ရဖို့အတွက်
အရူးအမူး ကြိုးစားနေကြတဲ့သူတွေကို အပြစ်မပြောထိုက်ဘူး။ အောင်မြင်မှုရအောင် ဘယ်နည်းဘယ်ပုံ လုပ်သလဲ
ဆိုတာကိုပဲ ကြည့်သင့်တယ်။ အောင်မြင်ဖို့အတွက် ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်နဲ့  မသမာမှုမျိုးစုံ
လုပ်သူ ဟုတ်/မဟုတ် ဆိုတာပဲကြည့်ပြီး ဆုံးဖြတ်သင့်တယ်။    ချမ်းသာချင်လို့ အမြတ်ရအောင်လုပ်တိုင်း ခေါင်းပုံ
ဖြတ်သမား၊ လူမသမာလို့ ပြောလို့ မရဘူး။   စီးပွားရေးလုပ်တယ်ဆိုတာ  အလှူဒါနပြုတာမဟုတ်ဘူး၊  ကောင်းရာ
သုဂတိလားဖို့ လုပ်တာမဟုတ်ဘူး၊  အမြတ်ရချင်လို့လုပ်တာ၊ဒါ့ကြောင့် အမြတ်ရအောင်လုပ်တာ သဘာဝကျတယ်။
ချမ်းသာချင်တာက အပြစ် မဟုတ်ဘူး ။

မတရားချမ်းသာတာ မဟုတ်ရင်..
ချမ်းသာအောင်လုပ်ပါ၊ ချမ်းသာလို့ သိန်းထောင်ကျော်တန်ကားကြီးတွေ ကိုးစီး၊ ဆယ်စီးထားပြီး ခြံကျယ်ကျယ်
တိုက်ကြီးနဲ့ နေနိုင်တာ ကောင်းပါတယ်။   သူများကို အနိုင်ကျင့်ပြီး မတရားချမ်းသာလာတာ မဟုတ်ရင် လိပ်ပြာ
မလုံစရာ မရှိပါဘူး။ ပျော်ပျော်ကြီး ချမ်းသာလာတာပါ။ ရှေးက လူပြတ်တွေ ပြောသလို...
(နည်းနည်းရိုင်းတာတော့ ခွင့်လွတ်ကြပါရှေးက ပြက်လုံးကို သတိရစေချင်လို့ပါ) ...
"ယောင်းမကို စိန်စီ ၊ ဒယ်အိုးကို ရွှေချပြီး ခွေးချေးကြော်စား" ဆိုသလို လုပ်လည်း ရပါတယ်။
" ငတေ" နည်းနဲ့ ချမ်းသာလာတာ မဟုတ်ရင် ပြီးတာပါပဲ။

အောင်မြင်မှုအမျိုးမျိုး
အောင်မြင်မှု ဆိုတဲ့ စကားကလည်း အဓိပ္ပါယ် ထွေပြားတယ်။ ကိုယ်လိုချင်သလို အဓိပ္ပါယ်ဖွင့်လေ့ရှိတယ်။
တချို့က success ကိုပဲ အောင်မြင်မှုလို့ထင်တယ်။ အောင်မြင်တဲ့ ဆရာဝန်ဆိုရင် successful surgeon ၊
အောင်မြင်တဲ့ စီးပွားရေးသမား successful businessman လို့ ယူဆကြတယ်။   တချို့က    တစ်မျိုးမျိုးနဲ့
လူအသိအမှတ်ပြုခံရတာ acknowledge ကို အောင်မြင်မှုလို့ မှတ်ယူကြတယ်။ တချို့က ထင်ပေါ်ကျော်ကြား
တာ welknown ကို အောင်မြင်မှုလို့ သဘောထားကြတယ်။ တချို့ကျတော့ စွမ်းဆောင်မှု  တစ်ခုခု ထူးထူး
ခြားခြား ပြုနိုင်တာ  achievement ကိုမှ  အောင်မြင်မှုလို့ သတ်မှတ်တယ်။

အကြိုက်တစ်မျိုးစီ..
လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ ကြိုက်သလို  အဓိပ္ပာယ်ဖွင့်ပြီး နှစ်သက်သလို ကျင့်သုံးလက်ခံနိုင်ပါတယ်။
ဘယ်လို အောင်မြင်မှုမျိုးဖြစ်ဖြစ် စောစောက ပြောခဲ့သလို " ငတေ" နည်းနဲ့ ရတဲ့ အောင်မြင်မှုမျိုး  မဖြစ်ရင်
ဘာမှ ပြောစရာ မရှိပါဘူး။ အောင်မြင်တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်လို့ ပိုက်ဆံ နစ်ခနဲ့နေအောင် ယူနေ
လည်း ဆရာဝန်ကျင့်ဝတ်နဲ့အညီ ပြုမူနေထိုင်သမျှ ကာလပတ်လုံး အပြစ်ပြောစရာ မရှိပါဘူး။
ထင်ပေါ်ကျော်ကြားတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်လို့ သူ့ငွေ သူကြိုက်သလို သုံးဖြုန်းနေတာလည်း အပြစ်
တင်စရာ မဟုတ်ဘူး။ ဒါပေမယ့် မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ စောင့်ထိန်းအပ်တဲ့ ဟီရိသြတပ္ပတရားများကို
ပစ်စလက်ခတ် သဘောထားပြီး ထင်ရာစိုင်းနေရင်တော့   အများတံတွေးကွက်မှာ ပက်လက်မျောသွားတဲ့အထိ
ကဲ့ရဲ့ ရှုံချခံရမှာ သေချာတယ်။ ကဲ့ရဲ့ ရှုတ်ချသူတွေကို အပြစ်တင်လို့ မရဘူး။
ဒါက မြန်မာပြည် .. ဟောလိဝုဒ် မဟုတ်ဘူး ။

ပညာမတတ်လဲရတယ်..
ကျောင်းဆရာလုပ်ခဲ့သူ တစ်ယောက်အနေနဲ့တော့ လူငယ်တွေကို စွမ်းဆောင်မှု တစ်ခုခု ပြုလုပ်ရတဲ့ achievement
အောင်မြင်မှုမျိုးကို ပိုပြီး  တန်ဘိုးထားကြစေချင်တယ်။   အောင်မြင်တဲ့ ဆရာဝန်၊   အောင်မြင်တဲ့ အင်ဂျင်နီယာ၊
အောင်မြင်တဲ့ စီးပွားရေးသမားဆိုတာ လူတိုင်းဖြစ်နိုင်တာ မဟုတ်ဘူး။ အကြောင်းမျိုးစုံနဲ့ ညီညွတ်မှ ဖြစ်နိုင်တာ။
အဆင့်မြင့်ပညာတွေ မသင်နိုင်လို့ ပိုက်ဆံမရှိလို့ဆိုပြီး အားငယ်နေဖို့ မလိုပါဘူး။
achievement ဆိုတာ   ပညာမတတ်လဲ ရနိုင်တယ်လို့ ယုံစေချင်တယ်။

လင်ကွန်းနဲ့ အယ်ဒီဆင်..
အမေရိကန် သမ္မတကြီးလင်ကွန်းတို့ လျှပ်စစ်မီးလုံး စတင်တီထွင်ခဲ့သူ အယ်ဒီဆင်တို့တစ်တွေဟာ ကျောင်းတောင်
ကောင်းကောင်း မနေခဲ့ကြရပါဘူး။ ဇွဲ ၊ လုံ့လ၊ ၀ီရိယ နဲ့ ကြိုးပမ်းလို့သာ အောင်မြင်မှု ရခဲ့ကြတာပါ။ လင်ကွန်းဆိုရင်
စာအုပ်တစ်အုပ်ငှါးရဖို့အတွက်  တစ်နေ့လုံး လမ်းလျှောက်သွားရတဲ့ အကွာအဝေးကို မညည်း မညူ သွားခဲ့ရတယ်။
အယ်ဒီဆင်ဆိုရင်လည်း ကလေးဘ၀က  မီးရထားပေါ် မှာ  ဆေးလိပ်၊ မီးခြစ် ရောင်းတဲ့   ဗန်းကလေးလွယ်ပြီး
ရောင်းရင်းနဲ့ စာတွေဖတ်ခဲ့  ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ခဲ့တာဖြစ်တယ်။ ၀ါသနာပါတဲ့ အလုပ်တစ်ခုကို စွဲစွဲ မြဲမြဲ
ဇွဲနပဲကြီးကြီးနဲ့ လုပ်ရင်းနဲ့ နောက်ဆုံးမှာ အောင်မြင်မှု ရခဲ့တာဖြစ်တယ်။

မောင့်ကျက်သရေခေါင်းပေါင်း..
ရှေးက စကော့ဈေး(ဗိုလ်ချုပ်ဈေး) အနောက်တန်းမှာ မောင့်ကျက်သရေ ဆိုတဲ့  ခေါင်းပေါင်းရောင်းတဲ့  ဆိုင်ကြီး
တစ်ဆိုင် ရှိပါတယ်။  ခုခေတ်ထိ သုံးနေကြရတဲ့ ခြင်းခံပြီး ခေါင်းမှာ အသင့်စွပ်ချလိုက်ရတဲ့ ခေါင်းပေါင်းကို စတင်
တီထွင်ပြီး ရောင်းချခဲ့တာပါ။ အဲဒီမတိုင်ခင်က ကိုယ်တိုင် ခေါင်းပေါင်း ပေါင်းကြရတယ်။ ဆံရှည်ခေတ်က ပြဿနာ
မရှိပေမယ့် ဘိုကေခေတ်ရောက်တော့  ခေါင်းပေါင်း ပေါင်းရတာ လက်ဝင်လှပါတယ်။     အဲဒီခေတ်က ကောလိပ်
ကျောင်းတက်တာတောင်  ခေါင်းပေါင်းနဲ့   တက်ကြတာဆိုတော့ ယောက်ျားတိုင်း မရှိမဖြစ် ထားကြရတယ်။
မောင့်ကျက်သရေ ခေါင်းပေါင်း ပေါ်လာတော့  ယောက်ျားတိုင်း လက်သုံး  ဖြစ်သွားခဲ့တယ်။    နေ့ချင်း ညချင်း
အောင်မြင် ကျော်ကြားသွားခဲ့တယ်။  အောင်မြင်ကျော်ကြားမှု အရှိန်အဟုန်ဟာ ဘယ်လောက်ထိ ကြီးမားသလဲ
ဆိုရင် ဒီနေ့ခေတ်ထိတောင်  ခေါင်းပေါင်းကို "မောင့်ကျက်သရေခေါင်းပေါင်း" လို့ ခေါ်နေကြဆဲ ဖြစ်တယ်။

ဓနုဖြူ ဦးဘိုးချမ်း..
ရှေးခေတ် တစ်ခေတ်က အမျိုးသမီးတွေကြားမှာ "ဓနုဖြူ ဦးဘိုးချမ်း" ဆိုတဲ့  နာမည်နဲ့  ရောင်းတဲ့ ရွှေရည်စိမ်
ဆွဲကြိုး၊ လက်ကောက် နဲ့ လက်ဝတ်လက်စားတွေ  တော်တော် ခေတ်စားခဲ့တယ်။      တစ်နိုင်ငံလုံး အနှံ့ ကို
တွင်ကျယ်ခဲ့တယ်။  ဘယ်လောက်ထိများ တွင်ကျယ်ခဲ့သလဲဆိုရင်   တစ်ခုခုကို အတုတွေပဲ၊ အစစ်မဟုတ်ဘူး
လို့ ပြောချင်ရင် " ဦးဘိုးချမ်း" ပဲ လို့ ပြောတဲ့အထိတောင်ဖြစ်တယ်။  ဒါတွေဟာ achievement တစ်မျိုးပဲ။

ဒါကြောင့် ပိုက်ဆံမရှိလို့ ၊ ပညာမသင်နိုင်လို့ဆိုပြီး စိတ်ပျက်အားလျော့ မဖြစ်စေချင်ကြဘူး။
ဇွဲ ၊ လုံ့လ ၊ ၀ီရိယ နဲ့ စူးစူးစိုက်စိုက် ကြိုးစားအားထုတ်ရင် " တစ်ခု၊ တစ်ကောင်၊ တစ်ယောက် " ဖြစ်နိုင်တယ်လို့
ပြောလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း
စောင့်ကြည့်သတင်းဂျာနယ်..
Government Websites ..အစိုးရ၀က်ဘ်ဆိုက်များ...
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၀န်ကြီးဌာနများ၏ ၀က်ဘ်ဆိုက်များဖြစ်ပါသည်...
လို အပ် လျှင် အ သုံး တည့် လိမ့် မည် ဟု မျှော် လင့် ရ ပါ သည် ....

1. www.mofa.gov.mm
(Ministry of Foreign Affairs)
နိုင်ငံခြားရေးဝန်ကြီးဌာန

2. www.mora.gov.mm
(Ministry of Religious Affairs)
သာသနာရေးဝန်ကြီးဌာန

3. www.commerce.gov.mm
(Ministry of Commerce)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

4. www.construction.gov.mm
(Ministry of Construction)
ဆောက်လုပ်ရေးဝန်ကြီးဌာန

5. www.livestock-fisheries.gov.mm
(Ministry of Livestock-Fisheries)
မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန

6. www.moai.gov.mm
(Ministry of Agriculature and Irrigation)
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

7. www.moha.gov.mm
(Ministry of Home Affairs)
ပြည်ထဲရေးဝန်ကြီးဌာန

8. www.hotel-tourism.gov.mm
(Ministry of Hotel and Tourism)
ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

9. www.myanmar-education.edu.mm.
(Ministry of Education)
ပညာရေးဝန်ကြီးဌာန

10. www.moh.gov.mm.
(Ministry of Health)
ကျန်းမာရေးဝန်ကြီးဌာန

11. www.myanmar.com/Ministry/culture
(Ministry of Culture )
ယဉ်ကျေးမှုဝန်ကြီးဌာန

12. www.mpt.net.mm
(Myanmar Posts and Telecommunications )
ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန

13. www.myanmar.com/finance
(Ministry of Finance and Revenue)
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

14. www.myanmar.com/Ministry/Forest
(Ministry of Forestry )
သစ်တောရေးရာဝန်ကြီးဌာန

15. www.myanmar.com/Ministry
(Ministry of Immigration & Population )
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဝန်ကြီးဌာန

16. www.industry.gov.mm.
(Ministry of Industry)
စက်မှုဝန်ကြီးဌာန

17. www.mot.gov.mm.
(Ministry of Transport)
ပို့ဆောင်ရေးဝန်ကြီးဌာန

18. www.myanmar-information.net
(Ministry of Information Committee)
ပြန်ကြားရေးဝန်ကြီးဌာန

19. www.myanmar.gov.mm/ministry/MSWRR
(Social Welfare, Relife and Resettlement)
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

20. www.myanmar.gov.mm/PBNRDA
(Progress of order Areas and National Races and Development Affairs)
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

* အခါအားလျော်စွာ အပြောင်းအလဲ ရှိနိုင်ပါသည်...
Embassy websites... သံရုံးဆိုင်ရာ ၀က်ဘ်ဆိုက်များ...
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံရုံးဆိုင်ရာ ၀က်ဘ်ဆိုက်များဖြစ်ပါသည်...
လို အပ် လျှင် အ သုံး တည့် လိမ့် မည် ဟု မျှော် လင့် ရ ပါ သည် ....

1. www.mesingapore.org.sg/index.htm
စင်္ကာပူမှာရှိတဲ့ မြန်မာသံရုံး...
သံရုံးကထုတ်ပေးတဲ့ ဗီဇာကိစ္စတွေ အကြောင်းသိလိုရင် ၀င်ကြည့်နိုင်...

2. www.mewashingtondc.com
အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် မြန်မာသံရုံး...

3. www.myanmarembassycanberra.info
သြစတေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ရုံးစိုက်တဲ့ မြန်မာသံရုံး...
ဗီဇာလျှောက်လွှာတင်ခြင်း စတဲ့ ဗီဇာကိစ္စတွေ သိနိုင် ...

4. www.merome.itgo.com
အီတလီနိုင်ငံ ရောမမြို့က မြန်မာသံရုံး ..
သံရုံးဝန်ထမ်းစာရင်း ၊ ဆက်သွယ်နိုင်မယ့် သတင်းအချက်အလက်တွေနဲ့ ဗီဇာကိစ္စတွေ ၀င်ရောက်ကြည့်ရှု့နိုင်..

5. www.mebrsl.freeservers.com
ဘရာဇီး နိုင်ငံက မြန်မာသံရုံး ...
ဗီဇာ အင်ဖော်မေးရှင်း အစုံအလင် ဖတ်ရှုနိုင် ..

6. www.myanmarembassy.com
တရုတ်နိုင်ငံ ဘေဂျင်းက မြန်မာသံရုံး ...

7. www.myanmar.e-consulate.org
ဟောင်ကောင်က မြန်မာသံတမာန်အဖွဲ့ ...

8. www.mofa.gov.mm/myanmarmissions
အိန္ဒိယနိုင်ငံ နယူဒေလီမှာရှိတဲ့ မြန်မာသံရုံး ...

9. www.myanmar-embassy-tokyo.net
ဂျပန်နိုင်ငံ တိုကျိုမြို့ က မြန်မာသံရုံး ...

10. www.myanmar-embassy-islamabad.net
ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်က မြန်မာသံရုံး..

11. www.mission.itu.ch/MISSIONS/Myanmar
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ က မြန်မာသံအဖွဲ့...

* အခါအားလျော်စွာ အပြောင်းအလဲ ရှိနိုင်ပါသည်...

Friday, May 11, 2012

မြန်မာပြက္ခဒိန် ကုဒ်ဒင်းအသစ် ဒီမှာယူပါ...

မြန်မာပြက္ခဒိန် ကုဒ်ဒင်းအသစ် ဒီမှာယူပါ...
written by Yan at Tuesday, September 8, 2009

Contributor: ရန်အောင်

မြန်မာပြက္ခဒိန် အလုပ်မလုပ်ဘူးလို့ ကျွန်တော့်ဆီဘောက်စ်မှာ လာအော်သွားလို့ ကျွန်တော်လည်း အွန်လိုင်းမှာ တောနင်းရှာဖွေရာက ကိုစိုးမင်း ပြန်ပြင်ရေးပေးထားတဲ့ Javascript လေးကို တွေ့ပါတယ်. ပြန်ပြီး Sharing လုပ်လိုက်ပါတယ်. ဒိတ်တွေ တိုက်ကြည့်တော့ မှန်ပါတယ်. ဒီကုဒ်ဒင်းလေးတွေကို ယူလိုက်ပါ.

ဘလော့ဂ်မှာ ဘယ်လိုထည့်ရမလဲဆိုရင်တော့ Layout ကိုသွားပါ. Add a gadget ကိုသွားပါ. HTML/Javascript ကိုယူပါ. ပြီးရင်တော့ ဒီအောက်က ကုဒ်ဒင်းလေးတွေကို ကော်ပီပေ့စ်လုပ်လိုက်ပါ. ဒါပါပဲ.



မိမိတို့မှာ ရှိနေတဲ့ ပြက္ခဒိန် ကုဒ်ဒင်းလေးတွေကို ဒါလေးနဲ့ ပြန်အစားသွင်းလိုက်ရင် အဆင်ပြေသွားမှာပါ. ပိုပြီးတော့ အဆင်ပြေချင်ရင်တော့ ဒီ JS ဖိုင်လေးကို ဒေါင်းလုပ်ချလိုက်ပါ. ပြီးတော့ ကိုယ့်ဖာသာ အဆင်ပြေမယ့် Hosting site တစ်ခုခုမှာ ကိုယ့်ဖာသာပဲ Hosting လုပ်ပြီး လင့်ခ်လေးကို ထုတ်ယူလိုက်ပါ. ဒါဆိုရင် အများကြီးက ၀ိုင်းဆွဲလို့ Bandwidth Limit ကျော်သွားတာမျိုး မဖြစ်နိုင်တော့ပါဘူး.

ဒီမှာ ဒေါင်းလုပ်ချပါ.

File Hosting ဘယ်လိုလုပ်ရလဲဆိုတာ မသိသူများကတော့ ဒီတိုင်းပဲ သုံးချင်လည်းသုံးပါ. ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျ လုပ်ကြည့်ချင်ပါတယ်. လေ့လာချင်ပါတယ်ဆိုရင်တော့ ဒီနေရာမှာ အပြည့်အစုံ ဆွေးနွေးရှင်းပြထားပါတယ်...

ဒီကုဒ်ဒင်းလေးကို Develop လုပ်ပေးတဲ့ မာ့ခ် (ခ) ကိုစိုးမင်းကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...

ရန်အောင်

Wednesday, May 9, 2012

.http://myanmarwords.pikay.org/ ဘလော့ ရေးချင်းသူ.မြန်စာကို လေ့လာတတ်ကျွမ်းကျင်သူအများအတွက် စေတနာဖြင့် တင်ပြလိုက်ပါသည်..http://myanmarwords.pikay.org/မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း http://myanmarsar.zaung.net/.မြန်မာစာ.မြန်မာစကား....

ဘလော့ရေးတဲ့အခါ Zawgyi-One Font ကို အသုံးပြုကြတာများပါတယ်။ တစ်ချို့ဆိုဒ်တွေကတော့ Unicode Font သုံးကြတာလဲရှိပါတယ်။ ဘယ် Font ကိုပဲ သုံးသုံး စာရိုက်တဲ့အခါ သတိထားပြီး ရိုက်ဖို့လိုအပ်ပါတယ်။
ဒီနေရာမှာ ဘလော့ရေးနေတဲ့သူတွေအားလုံးဟာ စာစီစာရိုက်လုပ်ငန်းလုပ်နေကြတဲ့သူတွေ မဟုတ်တဲ့အတွက် စာလုံး တွေရိုက်တဲ့အခါမှာ မှားကြပါတယ်။ စာစီစာရိုက်လုပ်ငန်းလုပ်နေကြတဲ့သူတွေ၊ ရုံးလုပ်ငန်းလုပ်နေကြတဲ့သူတွေက တော့ စာလုံးတွေကို မှန်မှန်ကန်ကန် အသုံးပြုတတ်ကြတာများပါတယ်။
အမှားတွေကို ထောက်ပြနေတယ်လို့မထင်စေချင်ပါဘူး။ မှားလေ့မှားထရှိတာလေးတွေကို စာရေးသူအချင်းချင်း ဆင်ခြင်လို့ရအောင် ကျွန်တော်က ဆွေးနွေးပြောကြားပေးတာသာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးပြောကြားပေးတဲ့အတွက် ကျွန်တော့်သူငယ်ချင်းများ၊ အစ်ကို၊ အစ်မများရဲ့ ငြိုငြင်မှုကိုခံရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စေတနာက ဘလော့ ရေးကြသူအများအပြားအတွက် ရည်ရွယ်ပြီးရေးတာမို့ နားလည်ခွင့်လွှတ်ပေးကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
တစ်ချို့က စာရိုက်ကြတဲ့အခါ တစ်နေရာမှာ မှန်အောင်ရိုက်ပြီး တစ်နေရာမှာတော့ မှားနေကြတယ်။ တစ်ချို့ကတော့ အမှားတွေကိုပဲ အမှန်ထင်ပြီး စာရိုက်နေကြတာတွေ့ရပါတယ်။ ဥပမာလေးတွေ ပြောပြပါမယ်။
(၁) ရကောက်နဲ့ ခုနစ်မှားရိုက်ကြတယ်။
ရကောက်မှန်ခဲ့၊ အဆန်ထည့်၊
အဆန်မဲ့လျှင်၊ ခုနစ်ပင်၊
(၂) ဂ ငယ် နှင့် ၈ မှားရိုက်ကြတယ်။
အဆန်မပါ၊ ဂ ငယ်ပါ။
ပါလျှင်ဂဏန်းရှစ်။
(၃) မင်္ဂလာပါ ဆိုတဲ့စာ ရိုက်တဲ့နေရာမှာ မဂ်လာပါဆိုပြီး မှားရိုက်လေ့ရှိတယ်။
Keyboard က Shift Key နဲ့ F နဲ့တွဲရိုက် ရမှာဖြစ်ပါတယ်။
(၄) ယောက်ျား ဆိုတာကို ယောင်္ကျား လို့ မှားရိုက်ကြပါတယ်။ အသတ်ကို က ကြီးပေါ်မှာ တင်ရပါတယ်။
ယောင်္ကျားလို့ ရေးထုံးမရှိပါဘူး။ အများဆုံးမှားကြပါတယ်။ ယောင်ကျားလို့ဖြစ်သွားတာပေါ့။
(၅) အမှားအများဆုံးကတော့ ရရစ်တွေရိုက်တဲ့အခါဖြစ်ပါတယ်။ အဓိက (၄)မျိုးကို မှတ်ထားရင် အဆင်ပြေပါတယ်။
-ြ = ကတော့ ပ၊ မ ဆိုတဲ့ စာလုံးတွေရိုက်တဲ့အခါ လုံးကြီးတင် မပါရင် သုံးပါတယ်။ Keyboard မှာ j ကို ရိုက်ရပါတယ်။ ပြသည်။ မြမြ ။ မြင့်မြင့်။ ပြောသည်။ စသည်ဖြင့် သုံးရပါတယ်။ ပြသည်။ မြမြ၊ မြင့်မြင့်။ ပြောသည် ဆိုရင် မှားပါတယ်။
-ြ =ကို ပ၊ မ ဆိုတဲ့စာလုံးတွေကို လုံးကြီးတင်ပါရင်သုံးရပါတယ်။ Keyboard မှာ Shift + N ကို ရိုက်ရပါတယ်။ ပြိုမှာလေလားမိုးရယ်။ မြို့မှာတော့ အနံ့အသက်ပေါင်းစုံ။ စသည် သုံးရပါတယ်။ ပြိုမှာလေလား မိုးရယ်။ မြို့မှာတော့ အနံ့အသက်ပေါင်းစုံ။ သေသေချာချာကြည့်ရင် သုံးထားတာ အဆင်မပြေ ပါဘူး။
-ြ = က ၊ သ တို့ကို လုံးကြီးတင်မပါရင် သုံးရပါတယ်။ Keyboard မှာ Shift + M ကို ရိုက်ရပါတယ်။ ကြက်၊ ကြောင်၊ အံ့သြ စသည် သုံးရပါတယ်။ ကြက်။ ကြောင်။ အံ့သြ လို့ သုံးထားရင် အဆင်မပြေပါဘူး။
-ြ = ကို လုံးကြီးတင် ပါရင် သုံးရပါတယ်။ Keyboard မှာ Shift + B ကို ရိုက်ရပါတယ်။ ကြိုက်တယ်။ ကြီးမားတယ်။ စသည်ဖြင့် သုံးရပါတယ်။ ကြိုက်တယ်။ ကြိုက်တယ်။ ကြီးမားတယ်။ ကြီးမားတယ်။ လို့သုံးထားရင် အဆင်မပြေပါဘူး။
အခုကောက်နုတ်ဆွေးနွေးတာလေးတွေကတော့ အမှားများတာလေးတွေပါ။ ကျွန်တော်လဲ တစ်ခါတစ်လေ သတိလက်လွတ်ဖြစ်ပြီး မှားတတ်ပါတယ်။ အမှားနည်းအောင်တော့ ကြိုးစားပြီး ရိုက်ပါတယ်။ အချိန်ရမယ်ဆိုရင်တော့ Microsoft Word ထဲမှာ စာရိုက်ပါ။ ချက်ချင်းမတင်ပါနဲ့။ စာချော မချော ပြန်ဖတ်ပါ။ စာရိုက်တာ မှား မမှား ပြန်စစ်ပါ။ သတ်ပုံ၊ သဒ္ဒါ မှား မမှားပြန်စစ်ပါ။
ကျွန်တော့အနေနဲ့ စာစီစာရိုက်လုပ်နေရတော့ ကိုယ်တိုင်လဲ သေသေချာချာ ကြည့်တယ်။ တပည့်တွေကိုလည်း သေသေချာချာသင်ပေးထားတယ်။ ဒါကြောင့် မြန်မာစာမြန်မာစကားစာအုပ် စာမျက်နှာ ၈ မှာ ဖော်ပြထားတာလေးနဲ့ အဆုံးသတ်လိုက်ပါတယ်။
“ထိုမှားလောက်သော အမှားများကို တတ်စွမ်းနိုင်သရွေ့ လေ့လာဖော်ထုတ်ပြီး အမှန်ကိုပြင်ရန် လိုအပ်လျက် ရှိသည်။………မြန်မာစာကို စနစ်တကျရေးနိုင်၍ မြန်မာစကားကို မှန်မှန်ကန်ကန် ပြောနိုင်ရန် အမှားများကို သိထားရန် လိုအပ်သည်။ သို့မှသာ အမှားကို ပြင်နိုင်ပေမည်။
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ►► http://myanmarwords.pikay.org/
ဒါကတော့ မြန်မာစာကို ပိုမို လေ့လာနိုင်ဖို့ မြန်မာစာ မြန်မာစကား ဆိုတဲ့ လင့်ခ်လေးပါ။
မြန်မာစာ မြန်မာစကား ►► http://myanmarsar.zaung.net/
Website ကို ရှာဖွေပြီး မှတ်ချက်ရေးသားပေးသော သံစဉ်ဖြူဖြူကို အထူးကျေးဇူးတင်ပါတယ်။
♥♥♥♥♥
အားလုံးကို ခင်မင်လေးစားလျက်
ကိုရင်ကျော်

ကမ်ဘောဒီးယားအမှတ်တရ.ဓါတ်ပုံ.

 

Sunday, March 25, 2012

စိတ်ကောင်း

ကောင်းတဲ့ အတွေး ကောင်းတဲ့ အပြု အမူ မိမိအပေါ် သူတပါးအပေါ် အများအပေါ်မှာ စိတ်ကောင်းနှလုံးကောင်းထားရှိနိုင်ကြပါစေ........