Tuesday, September 4, 2012

ဓာတ်တော်ကျဆရာတော် ဦးသာဂရ၏ ပြောင်မြောက်သော အဆိုအမိန့် များ♣♣♣
*************

♣ ဘိုးဘွားမိဘ သြ၀ါဒ လုံးဝပယ်တဲ့ခေတ်၊

♣ အပြောချိုသာ သဘောမှာ တမာခါးတဲ့ခေတ်၊

♣ တစ်အူတုံဆင်း ကိုယ်မွေးချင်း မာန်သွင်းကြတဲ့ခေတ်၊

♣ ကိုယ်ရှိကိုယ်စား မငှားငြား တရားပျက်တဲ့ခေတ်၊

♣ အကုသိုလ်၌ လွန်ပျော်ပိုက် စရိုက်ဆိုးတဲ့ခေတ်၊

♣ မာနရှေ့ထား ပြောစကား ခေါင်ဖျားရောက်တဲ့ခေတ်၊

♣ လူနေချုံကြား စိတ်ဘုံဖျှား ၀ါကြွားကြတဲ့ခေတ်၊

♣ အမှန်လုပ်လျှင် မကြိုက်ချင် ပြင်ပြင်မုန်းတဲ့ခေတ်၊

♣ အမှားလုပ်မှ သဘောကျ ကြုံရဤသည့်ခေတ်၊

♣ လက်နက်အားကိုး လူမိုက်မျိုး ကြီးစိုးကြတဲ့ခေတ်၊

♣ လက်နက်ချင်းဆိုင် အားချင်းပြိုင် အနိုင်လုတဲ့ခေတ်၊

♣ သတ္တဝါသေကြောင်း လက်နက်ရောင်း မကောင်းမှူ့ ပွားတဲ့ခေတ်၊

♣ ပေါက်လွတ်ပဲစား ဝင့်ဝါကြွား စကားဖောတဲ့ခေတ်၊

♣ ကိုယ့်ဂုဏ်ကိုဖော် မသူတော် လူဆော်လုပ်တဲ့ခေတ်၊

♣ ပြည်သူပိုင်မျိုး ရတိုင်းခိုး ကံဆိုးမွှေတဲ့ခေတ်၊

♣ တစ်ဝမ်းသာဝ တစ်ခါးလှ ဤမျှမြင်တဲ့ခေတ်၊

♣ သူကလည်းဗိုလ် ငါလည်းဗိုလ် ဗိုလ်တွေများတဲ့ခေတ်၊

♣ သူတစ်လူခင်း ငါတစ်မင်း လူချင်းပြိုင်တဲ့ခေတ်၊

♣ ကိုယ့်လူထင်ငြား သူဘက်သား ယုံမှားရတဲ့ခေတ်၊

♣ ယနေ့ ကိုယ့်လူ နက်ဖြန်မူ သူလူဖြစ်တဲ့ခေတ်၊

♣ အားကိုးရာမှ ဘေးဖြစ်ရ ဆိုးစွဤသည့်ခေတ်၊

♣ လူနဲ့ လူချင်း မေတ္တာကင်း မုန်းသွင်းပြောတဲ့ခေတ်၊

♣ တစ်လုပ်စားဖူး သူကျေးဇူး ထင်မြူးဖျက်တဲ့ခေတ်၊

♣ အကျိုးလိုရောင် ဟန်ပန်ဆောင် အချောင်လုတဲ့ခေတ်၊

♣ တိုက်ကြခိုက်ကြ လုယက်ကြ ဓားမြသူခိုးခေတ်၊

♣ မရှက်ကြောက်ပဲ မယ်ရွေးပွဲ ဆင်နွှဲကြတဲ့ခေတ်၊

♣ သုံးရဲဖြုံးရဲ အကြိုက်လွဲ မြင်းပွဲသွားတဲ့ခေတ်၊

♣ ကြက်တိုက်ဖဲရိုက် အမဲလိုက် မဲမိုက်ဤသည့်ခေတ်၊

♣ သုံးဆယ့်ခြောက်ကောင် အမည်ထောင် ပြောင်ပြောင်ထိုးတဲ့ခေတ်၊

♣ အံဝင်ဂွင်ကျ ပြောဆိုကျ လုပ်ကလွဲသည့်ခေတ်၊

♣ လိပ်ကြောကြောင်ကော် ပြောင်ချော်ချော် နိုင်းလျှော်ယခုခေတ်၊

♣ ဟေးလာဝါးလား လူမိုက်များ ရမ်းကားကြသည့်ခေတ်၊

♣ မေတ္တာ မေတ္တာ ပြောဆိုကာ တဏှာပွားတဲ့ခေတ်၊

♣ သစ္စာ သစ္စာပြောဆိုကာ လိမ်ညာများတဲ့ခေတ် ၊

♣ ပွဲလမ်းသဘင် လူစည်ခင် ပျော်ရွှင်များတဲ့ခေတ်၊

♣ ဘုရားကိုသွား ချောင်ခိုများ ရည်းစားမျှော်တဲ့ခေတ်၊

♣ တစ်လင်မကောင်း တစ်လင်ပြောင်း ၁ သောင်း ခြောက်ထောင်ခေတ်၊

♣ လက်သည်းရှည်ကြီး ကြားပိုမီး ကြက်သီးထဖွယ်ခေတ်၊

♣ ဆံပင်ဂုတ်ထောက် လူရုပ်ပျောက် ကြောက်မက်ဖွယ်ရာခေတ်၊

♣ ယောက်ျားမိန်းမ ခွဲမရ လောကနှစ်ပုံးခေတ်၊

♣ တင်တု ရင်တု လင်အတု ဂြိုလ်တု ပေါ်တဲ့ခေတ် ၊

♣ လင်ငုတ်တုတ်ထား ကျင့်ဖောက်ပြား မယားလိမ်တဲ့ခေတ်၊

♣ လောဘဒေါသ မိုက်မောဟ မာနကြမ်းတဲ့ခေတ်၊

♣ ဒူးထောင်ပေါင်ကား လူရွယ်များ ဝပ်သွားကင်းတဲ့ခေတ်၊

♣ ဆုံးမရန်ခက် မိုက်တွင်းနက် ငရဲသွားမယ့်ခေတ်၊

♣ ပါးစပ်ဘုရား လက်ကားရား အမှားလုပ်တဲ့ခေတ်၊

♣ အသံလုပ်ကာ ဆွဲငင်ကာ ဒေသနာစမ်းတဲ့ခေတ်၊

♣ တရားတရား တဟားဟား ပျော်ပါးကြတဲ့ခေတ်၊

♣ တရားဟောကာ စီးပွားရှာ မိစ္ဆာလောဘခေတ်။

http://buddhismworld.ning.com/မှ ( မျိုးမင်း )၏ ပို့စ်ကို ပြန်လည်ဝေငှပါသည်၊

Saturday, September 1, 2012

PDF Converter - Convert to PDF Online Free

PDF Converter - Convert to PDF Online Free
ဒီတစ်ခါတော့ Word, Excel, PowerPoint, Images, Web Pages နဲ့ အခြားဖိုင်တွေကို PDF ဖိုင် ပြောင်းနည်းလေးကို

ဒီနေရာ >>> http://www.freepdfconvert.com/default.asp<<< မှာ

အဆင်ပြေစွာ အလွယ်တကူရနိုင်ပါပြီ။

Convert လုပ်ပြီးလျှင် Download Link ပေါ်လာမှာ ဖြစ်ပြီး သင့်အီးမေးလ်သို့ လည်းပို့ထားမည်ဖြစ်ပါသည်။

Saturday, August 18, 2012

ကျနော် သူငယ်ချင်းတွေကို ဆိုဒ်တစ်ခုနဲ့ မိတ်ဆက်ပေးမလို့ပါ..
software တွေတော်တော်များများ ဒေါင်းလောခ်ယူလို့ရအဆင်ပြေတဲ့ဆိ
ုဒ်ပါ လိုအပ်တဲ့ softwareတွေလည် တောင်းဆိုရပါတယ်..အောက်ကလင့်ကနေ

သွာရောက်လေ့လာနိုင်ပါတယ်...


http://www.aungkyaw.com/

search/label/Programmers

အဆင်ပြေကြပါစေဗျာ..

Wednesday, August 15, 2012

Blog 
EntryAug 12, '12 3:30 PM
for everyone




u

ဒီကောင်လေးကတော့ Viber for pc software လေးဖြစ်ပါတယ်--- မိမိတို့ ၇ဲ့ စက်ကနေပြီးတော့ ဖုန်းကို ခော်ဆို ၇န် အတွက် ဖြစ်ပါတယ်----- ဒီကောင်လေးကို အသုံးပြုမယ်ဆို၇င် အ၇င်ဆုံးသိထား၇မှာ ကတော့ မိမိတို့ ဆက်သွယ်ချင်တဲ့သူဆီမှာ viber ၇ှိ၇မှာဖြစ်ပါတယ်(နက်ချိတ်ပြီး)။ အ၇င်ဆုံး မိမိတို့ ၇ဲ့ ကွန်ပျူတာမှာ အောက်က software လေးကို  run ရ မှာဖြစ်ပါတယ်--- ကွန်ပျူတာကနေ ဖုန်းကိုခော်ဆိုနိုင်လို့ ရတဲ့အပြင် pc to pc လဲ ခော်ဆိုလို့ ၇ပါတယ်--- ကျွန်တော့်လို  ဖုန်းမကိုင်နိုင်တဲ့ သူအတွက်တော့ အဆင်ပြေတယ်ဗျ ---- free call ခော်ဆို၇တာ ဖြစ်တဲ့ အတွက် ပြည်တွင်း ကော ပြည်ပ ကော ပိုက်ပိုက် ကုန်တော့ ဘူးပေါ့ဗျာ---- message ထဲကနေလဲ ပုံတွေပါ ပိုလို့ ရပါတယ် ခင်ဗျာ----အဓိက က နက်ချိတ်ဆက် ထားဖို့ နဲ့  လိုင်းလေး ကောင်း၇င် ကို အဆင်ပြေပါတယ် ခင်ဗျာ---

လိုချင်တဲ့ သူများ အောက်က လင့်လေးကနေ download ယူလိုက်ပါ--


လုပ်ပုံလုပ်နည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ်-----
အ၇င်ဆုံး software လေးကို ကလစ်နစ်ချက်ပေးပြီး run လိုက်ပါ--- အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်--- (continue) ကို ကလစ်ပေးလိုက်ပါ--


ပြီး၇င် Install ကို ကလစ်ပေးပါ----



အောက်က ပုံလေး အတိုင်းinstall လုပ်ပါလိမ့်မယ်-----




Install လုပ်ပြီးသွားတဲ့ အခါမှာတော့ အောက်က ပုံလေး ပေါ်လာမှာဖြစ်ပါတယ်---- (app search) ကို ကလစ်ပေးလိုက်ပါ------



search box လေးထဲမှာ viber လို့ ၇ိုက်ထည့်ပါ---ပြီး၇င် enter ခေါက်လိုက်ပါ---




အောက်က လိုမျိုး viber free call လေးကို ကလစ်ပေးလိုက်ပါ---




ပြီး၇င်တော့ အောက်က ပုံလေး အတိုင်းသူဘာသာ install လုပ်ပါတယ်---- ပြီးတဲ့ အခါ back arrow key ပုံလေးကို နှိပ်လိုက်ပါ-----




အောက်က လိုမျိုး home မှာ  viber လေး ပေါ်လာမှာဖြစ်ပါတယ်--- ပြီး၇င်တော့ အဲကောင်လေးကို ဖွင့်လိုက်ပါ-----




အပေါ်က အဆင့်တွေ အကုန်ပြီးသွားပြီဆို၇င်တော့ Viber လုပ်ပုံလုပ်နည်းလေး အတိုင်းဆက်ပြီးလုပ်၇မှာ ဖြစ်ပါတယ်---- ဖုန်းနံပါတစ်ခုဖြည့်၇ပါတယ်--- ပြီး၇င် မိမိတို့ ၇ဲ့  viber code ကို အဲဖုန်းကို မတ်စေ့ပိုပါလိမ့်မယ့်----- ဖုန်းဆိုတဲ့ နေ၇ာမှာ မိမိတို့ ဖြည့်တဲ့ ဖုန်းဟာ နက်ချိတ်ဆက်ထားဖိုလဲ မလိုပါဘူး--- viber အကောင့်မဖောက်၇သေးတဲ့ ဖုန်းဖြစ်ဖို့ လိုပါတယ် --ဘာလိုလဲဆိုတော့ တခြားသူက မိမိကို viber ခော်မယ်ဆို၇င် မိမိဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ကို ခော်ဆို၇မှာဖြစ်ပါတယ်---- အဲ့ချိန်မှာ မိမိတို့ ၇ဲ့ ဖုန်းကို viber call က မ၀င်ပါဘူး -- အဲဖုန်းနံပါတ်နဲ့ သုံးထားတဲ့ မိမိတို့ ကွန်ပျူတာက viber ကို ၀င်မှာဖြစ်ပါတယ်----


အားလုံးပြီ ပြီ ဆို၇င်တော့ အပေါ်က ပုံလေး အတိုင်း free  viber call ခေါ်ဆိုလို့ ၇ပြီ ဖြစ်ပါတယ်------
ကွန်ပြူတာသုံးနေသူတွေဆောင်ထားသင့်ပါတယ်.... ကျွန်တော် http://soepae.blogspot.com/ မှ ပြန်လည်မျှဝေတာပါ။ တကယ်လဲ အသုံးဝင်တာကြောင့် မာတီက ညီအကို၊မောင်၊နှမများလဲ အသုံးပြုနိုင်စေရန် မျှဝေလိုက်ပါတယ်...

Tuesday, August 14, 2012

ဗုဒ္ဓတရားတော်များ: ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...

ဗုဒ္ဓတရားတော်များ: ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...: မနက်က ဆွမ်းလာကပ်ရင်းနဲ့ ပြောဖြစ်ကြတာလေးပါ... ယူတုန်းကတော့ ကြိုက်လို့ယူကြ အတွေးအခေါ်မတူတော့ စိတ်ဆင်းရဲကြနဲ့... တော်ကြားပေါင်းမယ် တော်ကြ...